သံတောင်ကြီးမြို့နယ်   Community   Centre ခန်းမတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk  Show   ဆောင်ရွက်

သံတောင်ကြီး  ဇူလိုင်  ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ ပြည်သူများသိရှိစေရန်နှင့် အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk   Show ကို ယနေ့နံနက်(၁၀)နာရီအချိန်က သံတောင်ကြီးမြို့နယ် (Community Centre)ခန်းမတွင် ပြုလုပ်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးနော်နီလာအေးက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk  Show  ပြုလုပ်ရခြင်း ရည်ရွယ်ချက်များပြောကြားပြီး မြို့နယ်ဦးစီးအရာရှိ နော်လော်မူကအမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်စပ်လျဉ်းသည့် အကြောင်းအရာများ၊ အမျိုးသမီးများအားလူကုန်ကူးခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုအဖြစ်များသည့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများ ပြစ်မှု၊ပြစ်ဒဏ်များ၊ အမျိုးသမီးများအား ကြိုတင်ကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား အကျယ် တဝင့်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)