လှိုင်းဘွဲ ဇူလိုင် ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများအနေ ဖြင့် ကာယ၊ ဉာဏ်ဏဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် အခြေခံ ပညာအလယ်တန်းအဆင့် ကဗျာရွတ်ဆို၊ ပုံပြင်ပြော၊ စာဖတ်စွမ်းရည်နှင့်အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများအတွက် ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း ၌ လေ့ကျင့်ဆောင်ရွက်ပေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ အားလပ်ချိန်တွင် စာကြည့်တိုက်ကို လာရောက်အသုံးပြုတတ်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူတတ်စေရန်နှင့် ကာယ၊ ဉာဏ်ဏ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အခြေခံပညာအလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်နှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများအတွက် ယှဉ်ပြိုင်လိုစိတ်ရှိကြရန်နှင့် ယှဉ်ပြိုင်သည့်အတွေ့အကြုံများရရှိစေရေးအတွက် လေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)