ဗန်းမော်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “ဘေးကင်းသော သောက်သုံးရေအကြောင်း သိကောင်းစရာ” အသိပညာပေး Talk Show ပြုလုပ်

ဗန်းမော် ဇူလိုင် ၂၂

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ “ဘေးကင်းသော သောက်သုံးရေအကြောင်းသိကောင်းစရာ” အသိပညာပေး Talk Show ဆွေးနွေးပွဲ ကို ယနေ့နံနက် ၉ နာရီခွဲက ဗန်းမော်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုမိုးက အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဘေးကင်းသော သောက်သုံးရေအကြာင်း သိကောင်းစရာများကို မေးမြန်း ဆွေးနွေးခဲ့ကာ ဗန်းမော်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်ပိုးအိစံက ရေထုညစ်ညမ်းရခြင်းအကြောင်း၊ ညစ်ညမ်းသောရေကို သောက်သုံးမိပါက ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက် မှုများအကြောင်း၊ ညစ်ညမ်းသည့်ရေးကို ကျိုချက် သောက်သုံးခြင်းဖြင့် ဘေးကင်းနိုင်သည့်အကြောင်းနှင့် ညစ်ညမ်းသည့် ရေကိုသန့်စင်မှု ပြုလုပ်နိုင်မည့် နည်းလမ်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြကာ အများပြည်သူ သိရှိနိုင်စေရန်အတွက် Online မှတစ်ဆင့် လွှင့်တင်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ဗန်းမော်(ပြန်/ဆက်)