မရမ်းကုန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ (၆၉၄) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) ဒုတိယအကြိမ် ထိုးနှံပေး

မရမ်းကုန်း ဇူလိုင် ၂၂

“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်သည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ အ..က()၊ အ..က(၂၉)​ အခြေခံပညာ မူလတန်းကျောင်းများနှင့် အ..က() ..က() အ​ခြေခံပညာ အလယ်တန်း​ကျောင်းများရှိ အသက် (၅) နှစ်မှ (၁၂) နှစ်ထိ ကျောင်းသား၊ ကျောင်းသူ (၆၉၄) ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram) ကို ယမန်နေ့ နံနက် ၁၀ နာရီက​ ကျောင်းများရှိသတ်မှတ်စုရပ်များတွင် ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အခြေခံပညာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ပရဟိတအဖွဲ့များပူးပေါင်း ကူညီဆောင်ရွက်​ပေးခဲ့ကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)