စက်မှုဇုန်များရှိ စက်ရုံဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် လွမ်းခြုံမှုရှိစေရန် Booster Dose (CoviShield) အား နေ့စဉ်ထိုးနှံ

ဒဂုံအရှေ့ ဇူလိုင်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား  ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose (CoviShield) ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံပြီးစီးရေး စက်မှုဇုန်များရှိ ဝန်ထမ်းများအား (၇) ရပ်ကွက် ဒေသန္တရကျန်းမားရေးဌာနနှင့် စက်မှုဇုန်စက်ရုံများ၌ မန်နေ့ နံနက်ပိုင်းတွင်‌ နေ့စဉ်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် Booster Dose (CoviShield) ကာကွယ်ဆေးကို ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး ကွင်းဆင်း၍အခမဲ့ ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရာ၌မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဌာနဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲတို့မှ လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၎င်းနောက် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose (CoviShield) ကို ဇူလိုင် (၂၁) ရက်နေ့တွင် စက်မှုဇုန်များအလိုက် ကာကွယ်‌ဆေးထိုးနှံ‌ပေးသည် စက်ရုံများဖြစ်သော AsiaVista (၅၃) ဦး၊ ဦးဦခေါက်ဆွဲ (၈၀)၊ Golden Beg (၇၂) ဦး၊ ကုလားအုပ်ခေါက်ဆွဲ (၃၃)ဦး၊ ရွှေဒိုင်းတစ်သျှူး (၅၅)ဦး စုစုပေါင်း (၃၁၃) ဦးအား ထိုးနှံပေးခဲ့ပြီးနောက် (၇) ရပ်ကွက် ဒေသန္တရာကျန်းမာရေးဌာနတွင် နေ့စဉ်ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်