ခိုလမ်မြို့အ.ထ.ကကျောင်း၌ ဝါဆိုသင်္ကန်းဆပ်ကပ်လှူပူဇော်ပွဲအခမ်းအနားကျင်းပ

ခိုလမ် ဇူလိုင် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအုပ်ကြီးဦးစိုးအောင်က ဦးဆောင်ပြီး ယမန်နေ့ နံနက် (၁၀:၃၀)နာရီအချိန်က ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပူဇော်ခြင်းကို ကျောင်းခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခိုလမ်မြို့ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်/သံဃာတော်(၁၀)ပါးအား အ.ထ.ကကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖတို့က ဩကာသကန်တော့ကျိုးဖြင့် ညီညာဖြဖြပူဇော်ကန်တော့ကြပြီး ဆရာတော်များထံမှ ငါးပါးသီလခံယူတည်ဆောက်ကြသည်။ဆက်လက်၍ ဆရာတော်/ သံဃာတော်များတို့က ပရိတ်တရားတော်များရွတ်ဖတ်ချီးမြှင့်ပေး၍ သင်္ကန်းများ၊ အလှူဖွယ် ဝတ္ထုပစ္စည်းများ၊ ဆွမ်းခဲဖွယ်များ ဆပ်ကပ်လှူဒါန်းခဲ့ပြီး တရားတော်နာယူ၍ ရေစက်သွန်းချအမျှဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါ အခမ်းအနားသို့ ကျောင်းအုပ်ကြီး ဦးစိုးအောင်မှ ဖိတ်ကြားထားသော မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာ အဖွဲ့အစည်များ နှင့်ရပ်မိရပ်ဖများတို့က တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေလင်းထွန်း(ခိုလမ်)