သုံးခွမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ ကွက်သစ်သောက်သုံး ရေကန်အား စက်ယန္တရား၊ လူအင်အားတို့ဖြင့်သန့်ရှင်းရေးပြုလုပ်

သုံးခွ ဇူလိုင် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အနော်ရထာလမ်းရှိ မြို့ပေါ်(၁)(၃)ရပ်ကွက်များသို့‌ရေပိုက်လိုင်းဖြင့် ရေဖြန့်ဝေပေးနေသော (၁၀)ဧကကွက်သစ် သောက်သုံးရေကန်သည် ပြည်သူများသောက်သုံး‌ရေ အားကိုးအားထားပြုနေရ‌ သောရေကန်တစ်ကန်ဖြစ်သည်။ အဆိုပါရေကန်သန့်ရှင်းသာယာစေရေး၊ ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိစေရေးအတွက် ရေကန် ပေါင်ပေါ်ရှိ မြက်ပင်များရှင်းလင်းခြင်း၊ မြေညှိခြင်း၊ ကန်‌ပေါင်အတွင်းရှိမြက်ပင်၊ ဒိုက်ပင်၊‌ ရေမှော်ပင်၊ ပကန်များအား ရှင်းလင်းဆယ်ယူရှင်းလင်းခြင်းကို သုံးခွမြို့နယ်စည်ပင်သာယာရေးအဖွဲ့က စက်ယန္တရားဖြင့်လည်းကောင်း၊ လူအင်အားဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

အဆိုပါလုပ်ငန်း‌ ဆောင်ရွက်ရာသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦး‌ကျော်စိုးမိုး၊ တာဝန်ခံအင်ဂျင်နီယာ ဦးထွန်းထွန်းလင်းတို့က ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စည်သူလင်း(ပြန်/ဆက်)