အိမ်တွင်းအကြမ်းဖက်မှုများအ‌‌ကြောင်း အသိပညာပေး (Talk Show) ကျင်းပ

ချမ်းမြသာစည် ဇူလိုင် ၂၁

"အိမ်တွင်းအကြမ်းဖက်မှုများအကြောင်း" ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နေ့လယ် ၁ နာရီက မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ချမ်းမြသာစည်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်း (စာရေးဆရာမ မေ၀တီ)က ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်နှင့် အတူ အိမ်တွင်းအကြမ်းဖက်မှုပုံစံများအကြောင်း အများဆုံး ကျုးလွန်တတ်သူများအကြောင်းဥပဒေအရထုတ်ဖော် ဖြေရှင်းမှုအားနည်းရသည့်အချက်များအ‌ကြောင်းနှင့် အကယ်၍ အကြမ်းဖက်ခံရသူမှ မိမိ၏‌တွေ့ကြုံ ခံစားချက်များအား မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်သင့် သည့်အကြောင်းတို့ကို အများပြည်သူအသိပညာဗဟုသုတ ရရှိစေရန် အကျယ်တ၀င့်ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။

ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအ‌နေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် အသိပညာပေး (Talk Show) အစီအစဉ်များကို ဌာနဆိုင်ရာများ၊ စာရေးဆရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ရကြောင်း သိရသည်။

ခင်စိမ်း၀င်း