ပိုင်ကျုံမြို့(Community Centre)ခန်းမ၌ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး(Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်

ပိုင်ကျုံ  ဇူလိုင်  ၂၁

ကရင်ပြည်နယ်၊  ဘားအံခရိုင်၊  ပိုင်ကျုံမြို့၊  (Community Centre)ခန်းမမိဘပြည်သူများနှင့် ကျောင်းသားလူငယ်များ မူးယစ် ဆေးဝါးအန္တရာယ်အကြောင်း အသိပညာဗဟုသုတ ပိုမိုရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်က မူးယစ်ဆေးဝါးအန္တရာယ် အသိပညာ‌‌ပေး(Talk Show) ဆွေးနွေပွဲဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပိုင်ကျုံမြို့၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်အိသဲချိုက (Talk Show) ဆွေးနွေးပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း‌ပြောကြာပြီး ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နော်ခူးခူးက လူငယ်နှင့်မူးယစ်‌ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားရာတွင် မူးယစ် ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဆိုတာ ဘာလဲ၊ လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲရသည့် အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးသည် လူငယ်များအတွက် အန္တရာယ်ရှိပုံနှင့် လူငယ်များ မူးယစ်ဆေးသုံးစွဲခြင်းမှ ကာကွယ်နိုင်မည့် နည်းလမ်းများ စသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။

ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အသိပညာ ပေးလုပ်ငန်းဖြစ်သည့် (Talk Show) ဆွေးနွေးပွဲများကို Onlineမှတဆင့် လစဉ်ထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

နော်ခူး( ပြန်/ဆက် )