ပလောက်မြို့တွင် အသက်(၉)လမှအသက်(၂)နှစ်အထိ ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ပလောက် ဇူလိုင် ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ အသက်(၉)လမှအသက်(၂)နှစ်အရွယ်အထိ ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်မှစ၍ ပလောက် တိုက်နယ်ကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ပလောက်မြို့ ပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ကလေးသူငယ်များအား ကိုယ်ပူချိန်တိုင်းတာပေးခြင်း၊  သွေးပေါင်ချိန်ခြင်း၊ အသက် (၉)လမှ(၂)နှစ်အထိ ကလေးသူငယ်များကို ပိုလီယို ကာကွယ်ဆေး၊ အပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ) ဦးနှောက်အမြှေးရောင်ရောဂါကာကွယ်ဆေးနှင့် ဂျပန်ဦးနှောက်ရောင် ရောဂါ ကာကွယ်ဆေးစသည့်ကာကွယ်ဆေးများ အစက်ချဆေးတိုက်ကျွေးခြင်းနှင့် ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ဆက်)