ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ မျိုးဆက်ပွားကျန်းမာရေး သင်တန်းဖွင့်လှစ်

ဇေယျာသီရိ ဇူလိုင် ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မန္တလာရောင်စဉ် (Women Empowerment & Gender Equality) တို့ပူးပေါင်းပြီး မျိုးဆက်ပွားကျန်းမာရေးသင်တန်းကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ပြုလုပ်ခဲ့သည်။                                                                  

အဆိုပါသင်တန်းကို ပျိုရွယ်သူများအား မျိုးဆက်ပွားကျန်းမာရေး အသိပညာပေးရက်တို သင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ပြီး ယင်းသို့သင်ကြားပေးခြင်းဖြင့် မိမိတို့၏ မျိုးဆက်ပွားကျန်းမာရေးကို မိမိတို့ဘာသာ သိရှိစောင့်ရှောက်နိုင်စေရန်၊ မလိုလားအပ်သည့် ကိုယ်ဝန်ဆောင်ရခြင်း၊ လိင်မှတဆင့်ကူးစက်သည့်ရောဂါများရရှိခြင်းများမှ ကင်းဝေးစေပြီး ကျန်းမာသန်စွမ်းမှုကို အထောက်အကူပြုစေရန်နှင့် လိင်ပိုင်းဆိုင်ရာအခွင့်အရေးများကို သိရှိပြီး မိမိကိုယ်ကိုထိန်းသိမ်း၍ ဘဝကိုဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ရာ သင်တန်းတွင် စာရေးဆရာမသက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)က အမျိုးသမီးများ ဆယ်ကျော်သက်အရွယ်တွင် ဖြစ်လာတတ်သည့်အပြောင်းအလည်းများ၊ မမျိုးပွားအင်္ဂါအစိတ်ပိုင်းများနှင့် လုပ်ဆောင်ချက်များ၊ မိသားစုစီမံကိန်းများ စသည့်အချက်များကို အပြန်အလှန် ဆွေးနွေးသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်မင်းထက်(ပြန်/ဆက်)