မိုင်းရှူး ဇူလိုင် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက် (၁၀)နာရီအချိန်က စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက စာဖတ်သူတိုးပွားလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဗဟုသုတများ ဖလှယ်သည့် အလေ့အထများ တိုးပွါးလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ကျောင်းသား၊ကျောင်းသူ(၁၈)ဦးတို့က ဒေါက်တာမေမွန်၏ စိတ်ထားပုပ်တဲ့ ယုန်ဖြူတုတ်၊ ဒီဇင်ဘာမွန်း၏ ကလေးတို့အတွက် မြန်မာစကားပုံများနှင့် မြမြသန်း၏ မွှေးကြိုင်သော လေလည်နံ့ စသည့်စာအုပ်များက ဖတ်ရှုကြပြီး စာအုပ်ပါ အကြောင်းအရာ များအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)