သံတောင်ကြီး ဇူလိုင် ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ ကျောင်းသူ/ ကျောင်းသားများအနေဖြင့် အာဇာနည်ခေါင်းဆောင်များ၏ အကြောင်းအရာများ သိရှိစေရန်နှင့် အစဉ်အောက်မေ့သတိရစေရန် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး TalkShowဆောင်ရွက် ယမန်နေ့ နေ့လည်(၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြို့ နယ်ဦးစီးအရာရှိ နော်လော်မူက (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး TalkShow ပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ပြောကြားပြီး နော်နီလာအေး (ဒုတိယဦးစီးမှူး)က အာဇာနည်နေ့အကြောင်းဖြစ်ပေါ်လာပုံ၊ အာဇာနည် ခေါင်းဆောင်(၉)ဦး၏ အတ္ထုပ္ပတ္တိများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ၏ လွတ်လပ်ရေး ကြိုးပမ်းဆောင်ရွက်မှုများ၊ အာဇာနည် ပုဂ္ဂိုလ်ကြီးများ၏ အကျင့်စာရိတ္တ၊ ရဲစွမ်းသတ္တိရှိမှု၊ တိုင်းပြည်အတွက် ပေးဆပ်အနှစ်နာခံများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
နော်နော်မူ