ဆီဆိုင် ဇူလိုင် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ် ကိုင်ဆောင်သွားလာမှု ရှိ/မရှိကို ယနေ့ နံနက် ၈ နာရီက သစ်တောဦးစီးဌာနရုံးရှေ့ မြို့အဝင်၌ စစ်ဆေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင် ဗိုလ်မှူးနိုင်ကျော်ဇင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဆီဆိုင်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က မြို့တွင်းသို့ ဝင်/ထွက်သွားလာသော ခရီးသွားပြည်သူများအား ခရီးသွားပါက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်ကိုင်ဆောင်သွားလာကြရန်၊ နိုင်ငံသားစိစစ်ရေးကဒ်ပြား များ ကိုင်ဆောင်သွားကြရန်နှင့် အပြင်ထွက်ပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ပြီး သွားလာကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)