ဆီဆိုင် ဇူလိုင် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက် မည့် နောင်ကျောကျေးရွာအုပ်စု၊ နောင်ရင်းဒုံကျေးရွာ ရေပိုက်သွယ်တန်းခြင်း၊ ဆိုလာ/ပန့် တပ်ဆင်ခြင်း၊ ဂါလန် ၁၀၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်းနှင့် မြေသားရေစုကျင်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် ယမန်နေ့ နံနက် ၁၀ နာရီခန့်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဒေါ်အိအိခင်နှင့် ဝန်ထမ်းများက ဒေသခံပြည်သူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် နောင်ကျောကျေးရွာအုပ်စု၊ နောင်ရင်းဒုံကျေးရွာရှိ ရေထွတ်ပင်ရင်းကို အခြေခံ၍ အရှည်(၁/၀)မိုင်ရှိ ရေပိုက်သွယ်တန်းခြင်း၊ ဆိုလာ/ပန့်တပ်ဆင်ခြင်း၊ အလျားပေ ၂၀၊ အနံ ၁၅ ပေ၊ အမြင့် ၆ ပေရှိ ဂါလန် ၁၀၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်း၊ အလျားပေ ၁၀၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း၊ အလျားပေ ၂၀၊ အနံ ၂၀ ပေ၊ အမြင့် ၈ ပေရှိ မြေသားရေစုကျင်း တူးဖော်ခြင်းလုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေ ကျပ်(၄၀.၉)သန်းဖြင့် နောင်ကျောကျေးရွာအုပ်စု၊ နောင်ရင်းဒုံ ကျေးရွာမှ အိမ်ခြေ(၂၂၀)စု၊ လူဦးရေ(၁၁၉၉)ဦးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)