ပြည်ကြီးမဏ္ဍိုင် ဇူလိုင် ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ပြည်သူများ Online မှတစ် ဆင့်အသိပညာ ဗဟုသုတများကို လေ့လာနိုင်စေရန်ရည်ရွယ်၍ Talk Show အစီအစဉ်များကို ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ မွန်းလွဲ ၁၃ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ Talk Show အစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဒေါ်ကေခိုင်ဝင်း (ဒုတိယဦးစီးမှူး)နှင့် ဒေါ်စိုးမြတ်နန္ဒာ(စာကြည့်တိုက်လက်ထောက်-၃(အင်အားပြ))တို့က ဆွေးနွေးခဲ့ခြင်းဖြစ်ရာ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှုများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ လေးစားအတုယူဖွယ်အကြောင်းအရာများနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိအကျဉ်းအကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အာဇာနည်နေ့အကြောင်း သိကောင်းစရာ Talk Show အစီအစဉ်ကို we Love Pyigyimandaing Page မှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ Talk Show အစီအစဉ်များကို ပြည်သူများ Online မှတစ်ဆင့် ဗဟုသုတရရှိစေရန်အတွက် ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
ကေခိုင်ဝင်း(ပြန်/ဆက်)