ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်

ကလိန်အောင် ဇူလိုင် ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ဇူလိုင်(၁၉)ရက်နေ့၌ ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီခွဲအချိန်က ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို အ-ထ-က ကလိန်အောင်ကျောင်းမှ ကျောင်းအုပ်ဆရာမ‌ကြီး ဒေါ်ရီရီဝင်းဦးဆောင်၍ ဟောပြောပွဲအဖွဲ့ဝင်ဆရာမများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းက ဝမ်းနည်းဖွယ်အထိမ်းအမှတ်တစ်ခုဖြစ်သော အာဇာနည်နေ့သမိုင်းကြောင်းကို ကျောင်းသား၊ ကျောင်းသူများ သိရှိရန်နှင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော အာဇာနည်ခေါင်းဆောင်များအား လေးစားအမှတ်ရ နေစေရန် ရည်ရွယ်၍ ဟောပြောပြသခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့