ဘုရားသုံးဆူ ဇူလိုင် ၁၈
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ဘုရားသုံးဆူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Center) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး (Talk show) ဆွေးနွေးပွဲကို Book Club အဖွဲ့၀င်များနှင့်အတူ ကျင်းပပြုလုပ်သည်
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးအောင်သူဟိန်း (ဓါတ်ပုံ-၂) မြို့ဦးစီးတာ၀န်ခံမှ ဆွေးနွေးပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် နန်းအေးအေးသင်း (ရုပ်သံ-၃)မှ ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်စဉ်ဘဝမှ လွတ်လပ်ရေးရရန် ကြိုးပမ်းဆောင်ရွက်ချက်များ၊ ဗိုလ်ချုပ်၏ သမိုင်းတွင်းမိန့်ခွန်းများနှင့်အတူ အာဇာနည်သူရဲကောင်းကိုးဦးတို့၏ အထ္ထုပ္ပတ္တိ အကြောင်းများကို ထည့်သွင်းဆွေးနွေးခဲ့ပြီး Book Club အဖွဲ့၀င် ဒေါ်စန္ဒာ၀င်းမှ အာဇာနည်သူရဲကောင်းတို့၏ စိတ်ဓာတ်သည် မြန်မာနိုင်ငံသား တိုင်းအတွက် အတုယူဖွယ် အစဉ်အမှတ်ရစေကြောင်းကို အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဘုရားသုံးဆူ(ပြန်/ဆက်)