မန်တုံ ဇူလိုင် ၁၈
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ နေ့တွင်ကျရောက်မည့် အာဇာနည်နေ့အထိမ်းမှတ်ကို ကြိုဆိုဂုဏ်ပြု၍ ယမန်နေ့က ပုံတူဆွဲပြိုင်ပွဲကို မူလတန်း ကျောင်းသား၊ကျောင်းသူများနှင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
ကျောင်းသား၊ ကျောင်းသူ ကလေးလူငယ်များအနေဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရဲစွမ်း သတ္တိ ကိုသိရှိစေရန်၊ အာဇာနည်ခေါင်းဆောင်ကြီးများအား မမေ့မလျော့စေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်း ပါဝင် တတ်စေရန်၊ စာကြည့်တိုက်ကိုအသုံးပြုတတ်စေရန် ရည်ရွယ်၍ ပုံတူဆွဲပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။
အဆိုပါပုံတူဆွဲပြိုင်ပွဲသို့ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းကျောင်းသား၊ ကျောင်းသူ (၁၅) ဉီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
မန်တုံ(ပြန်/ဆက်)