အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆွမ်းဆန်တော်များ လှူဒါန်း

ကော့မှူး ဇူလိုင် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် လက်ခိုက်ကျေးရွာအုပ်စု ငြမ်းကျောင်းဘုန်းတော်ကြီးကျောင်း၌  ယနေ့ နံနက်က မြို့နယ်အ‌ထွေထွေအုပ်ချုပ်‌ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝနှင့် ဝန်ထမ်းများကဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဆရာတော်သံဃာတော်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝနှင့် ဝန်ထမ်းများ၊ ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့ဖွင့်လှစ်ခဲ့ပြီး ငြမ်းကျောင်း ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တ ရေဝတဓမ္မထံမှ အနုမောဒနာတရားတော်များကို နာယူကာလှူဒါန်းမှု အစုစုတို့အား ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။

ကျော်သူရ