သရက်ချောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများဆောင်ရွက်

သရက်ချောင်း ဇူလိုင် ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉) ရက်နေ့ရောက်ရှိမည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ၊ နေ့ထူးနေ့မြတ်ရက်များကိုသိရှိစေရန် ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက ဉာဏ်စမ်းပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများကို ဖတ်ရှုကြပြီး နေ့ထူးနေ့မြတ်ရက်များကို တန်ဖိုးထားတတ်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာကြည့်တိုက်အား အကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်အတွက် ရည်ရွယ်ချက်များကို ရှင်းလင်းပြောပြခဲ့ပြီး ပြိုင်ပွဲကို (အ-ထ-က သရက်ချောင်း)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံးပါဝင်ယှဉ်ပြိုင်နိုင်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

သားကြီး(သရက်ချောင်း)