ကမမောင်း ဇူလိုင် ၁၈
ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် အာဇာနည်နေ့ အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ (အင်အားပြ)ဒေါ်တင်တင်လှက ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အားကစားလှုပ်ရှားမှုဆိုင်ရာ ကစားနည်းပြိုင်ပွဲ များတွင် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီဆွဲ ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ရာ ကျောင်းသား၊ကျောင်းသူ(၁၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကို တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်တင်လှ(ပြန်/ဆက်)