နောင်ချိုမြို့ သဖန်းကိုင်းဘုန်းတော်ကြီးကျောင်းတွင် Quarantine Centre ထားရှိနိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်

နောင်ချို  စက်တင်ဘာ ၁၀

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါ ကူးစက်မှု မရှိစေရေးနှင့် ကာကွယ် ထိန်းချုပ်ရေးအတွက် Quarantine Centre ထားရှိနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက သဖန်းကိုင်း ဘုန်းတော်ကြီးကျောင်းတွင် သဖန်းကိုင်းဆရာတော်၏ ဦးဆောင်မှုနှင့်အတူ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်မောင်သိန်းနှင့် မြို့နယ်ကြက်ခြေနီ အသင်း တပ်ဖွဲ့ဝင်များက ကြိုတင်ပြင်ဆင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။    

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေရပ်ပြန်ပြည်သူများအနေဖြင့် Quarantine Centre တွင် အဆင်ပြေ ချောမွေ့စွာ နေထိုင်နိုင်ရေး  နေရာထိုင်ခင်းများ ပြင်ဆင်ဆောင်ရွက်ထားရှိခြင်း၊ ရေချိုး၊ ရေကန်များ၊ သန့်စင်ခန်းများအား သန့်ရှင်းရေး ဆောင်ရွက်ပေးခြင်း၊ ပိုးသတ်ဆေး ဖျန်းခြင်း များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီ ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွေးငယ်၊ နောင်ချိုပြန်/ဆက်