ကော့သောင်း ၊ စက်တင်ဘာ ၁၀
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် အင်ဒိုနီးရှားနိုင်ငံမှလာရောက်သည့် MV.SUN BRAVE သင်္ဘောပေါ်မှ သင်္ဘောသား(၁၅)ဦး၊ ဘင်္ဂလာဒေ့နိုင်ငံမှလာရောက်သည့် M.V APL PUSAN သင်္ဘောပေါ်မှ သင်္ဘောသား(၁၅)ဦး ၊ဘင်္ဂလာဒေ့နိုင်ငံမှလာရောက်သည့် MT CANOPUS သင်္ဘောပေါ်မှ သင်္ဘောသား(၅)ဦး၊ ဘရာဇီးနိုင်ငံမှလာရောက်သည့် MTM NEW YORK သင်္ဘောပေါ်မှ သင်္ဘောသား(၁၈)ဦး၊ စုစုပေါင်းသင်္ဘောလေးစီးပေါ်မှ သင်္ဘောသား (၅၃)ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်းသိရသည်။
သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် အဆိုပါမြန်မာသသင်္ဘောသား.(၅၃)ဦးမှာ ကော့သောင်းမြို့တွင်ကြိုတင် ရောက်ရှိနေသည့် MV.SUN BRAVE သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးချိုလွင်မြူးပါ သင်္ဘောသား (၁၅)ဦး ၊ M.V APL PUSAN သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးညီညီဖြိုး ပါ သင်္ဘောသား (၁၄) ဦး၊ MT CANOPUS သင်္ဘော ပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးကျော်စွာထွန်း ပါ သင်္ဘောသား (၇)ဦး၊ MTM NEW YORK သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးမျိုးမင်းဝင်း ပါ သင်္ဘောသား (၁၈)ဦး တို့ဖြင့် တာဝန်လွဲပြောင်းယူခဲ့သူများဖြစ်သည်။
သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် မြန်မာသင်္ဘောသား.(၅၃)ဦးအား ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့နှင့်မြိတ်မြို့များ တွင် Hotel Quarantine (၂၁)ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပို့ဆောင်ဓာတ်ခွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။
ကျော်စိုး(ကော့သောင်း)