ပြင်ဦးလွင်၊ စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နံ့မှုမရှိစေရေးအတွက် ကျန်းမာ ရေးအသိပညာပေးခြင်း၊ Mask Campaign များဆောင်ရွက် ခြင်း၊ အသိပညာပေးဗွီနိုင်းများ ကပ်ထားခြင်းများကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၏အမိန့်အမှတ် ၃၀/၂၀၂၀ အား ပြည်သူများသိရှိနိုင်ရန်အတွက် ရပ်ကွက်၊ ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် ဗွီနိုင်းများကပ်ထားခြင်း၊ အသိပညာပေးများဆောင်ရွက်ပေးလျက်ရှိသည့် အပြင် ပြင်ဦးလွင်မြို့အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှ စတင်ပြီး ကိုဗစ် - ၁၉ ရောဂါနှင့် ပတ်သက်၍ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ကျန်းမာရေးဦးစီးဌာနတို့မှ ဦးဆောင်ကာဌာန ဆိုင်ရာများပူးပေါင်းပြီး ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ကြသည်။
ပြင်ဦးလွင်မြို့တွင် နေထိုင်သူများအနေဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့် ဆက်လက်ပူးပေါင်းပါဝင်သွားကြရန်နှင့် ရောဂါကူးစက်မှုရှိသည့် အရပ်ဒေသမှ ပြန်လာသူများရှိပါက အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့သတင်းပေး ပို့ဆောင်ရွက်သွားကြရန်အသိပညာပေးလုပ်ငန်းများအားတို့းမြှင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြတ်ဆုမွန်