မြင်းခြံ၊ စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီသို့ ရွှေစင်တိပိဋဓရေ မြင်းခြံဆရာတော် ဘဒ္ဒန္တဂန္ဓမာလာလင်္ကာရနှင့် အလှူရှင်များက ကိုဗစ်-၁၉ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အလှူငွေ ကျပ်သိန်း (၁၀၀) လှူဒါန်းခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အသုံးပြုနိုင်ရန်အတွက် ရွှေစင်တိပိဋကဓရ မြင်းခြံဆရာတော် ဘဒ္ဒန္တဂန္ဓမာလာလင်္ကာရနှင့် အလှူရှင်များက အလှူငွေကျပ် သိန်း (၁၀၀)ကို မြို့နယ် ကိုဗစ်-၁၉ ကော်မတီသို့ ပေးအပ်လှူဒါန်းရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးလတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်တို့မှ လက်ခံရယူခဲ့သည်။
မြင်းခြံမြို့နယ် ကိုဗစ်-၁၉ ကော်မတီသို့ အလှူရှင်များ၊ လုပ်ငန်းရှင်များမှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အသုံးပြုရန် အလှူငွေများ လှူဒါန်းလျက်ရှိပြီး မြင်းခြံမြို့နယ်အတွင်းရှိ ပရဟိအသင်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မန္တလေးမြို့မှ ပရဟိတအသင်းများ ကလည်း ပူးပေါင်းပါဝင်ကာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)