ကလိန်အောင် စက်တင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေ သည့် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ပြည်သူများ စာအုပ်စာစောင်များအား အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန်နှင့် စာပေ ဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်ရည်ရွယ်၍ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ (အခမဲ့) ငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနသို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။
Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းကို စာကြည့်တိုက်သို့ လာရောက် ဖတ်ရှုလေ့လာရန် အချိန်မပေးနိုင်သော ဌာနဆိုင်ရာများ၊ ရပ်ကွက် အတွင်းရှိ ပြည်သူများ၊ ကျေးရွာများသို့လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။
မိုးမိုးခိုင်(ကလိန်အောင်၊ပြန်/ဆက်)