မြဝတီ၊ စက်တင်ဘာ ၁၀
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အထောက်အကူပြုနိုင်စေရန်အတွက် အပူချိန်တိုင်းကိရိယာ၊ နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များကို ယမန်နေ့နံနက်က ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထို့သို့လှူဒါန်းရာတွင် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသန့်ဇင်အောင်မှပေးအပ်ခဲ့ပြီး မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စုစုသွယ်က လက်ခံရယူခဲ့သည်။
မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန်းသန်းရွှေမြင့်