လွိုင်လင်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ

လွိုင်လင်          စက်တင်ဘာ      ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ရှိ မော်တော်ယာဉ်လိုင်းများမှ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့မဈေးကြီးရှေ့ နာရီစင်အနီးနှင့် လမ်းဆုံနေရာ များတွင် နှာခေါင်းစည်းများကို ယနေ့ နံနက်ပိုင်းက ဒုတိယအကြိမ်အဖြစ် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် တောင်ကြီး-လွိုင်လင်-လားရှိုးခရီးစဉ်   “ရွှေသက်တန့်’’ ယာဉ်ငယ်လိုင်းမှ ယာဉ်မောင်းတစ်ဦးကကျွန်တော်တို့ ယာဉ်ငယ်လိုင်းက ကိုယ်ဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တတ်နိုင်တဲ့ ဖက်ကနေ တစ်စိတ်တစ်ပိုင်း ပါဝင်ဆောင်ရွက်နေတာပါ။ အခုတစ်လော ပြည်တွင်းမှာ ဓာတ်ခွဲ အတည်ပြုလူနာ တစ်နေ့တခြား များများလာတာတွေ့နေရပါတယ်ကျွန်တော်တို့မြို့မှာ ရောဂါပိုးတွေ့ရှိ လူနာမရှိသေးသော်လည်း ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို သက်ဆိုင်ရာ ဌာနတွေ အသင်းအဖွဲ့တွေက ဆောင်ရွက်နေကြသလို ၊ကျွန်တော်တို့ ယာဉ်ငယ်လိုင်းက အခုလို နှာခေါင်းစည်းတွေအခမဲ့ဖြန့်ဝေတာ ဒုတိယအကြိမ်ပါ ပြည်သူများကလည်း အပြင်ထွက်တိုင်း မဖြစ်မနေ Mask တပ်ကြဖို့ မကြာခဏ လက်ဆေးကြပြီး မိမိကစ၍ ကာကွယ်ကြဖို့ ပြောလိုပါတယ်” ဟု ယာဉ်မောင်း ဦးကြည်ဆွေဦး က ပြောကြား ခဲ့သည်။

မိုးလွင်ဦး(လွိုင်လင်)