နမ့်ဆန်မြိုနယ် ဇယန်းကြီးကျေးလက်ကျန်းမာရေးဌာန၌ ကလေးများအား ဝိတ်ချိန်ခြင်းနှင့် ကျန်းမာရေး စစ်ဆးခြင်း ပြုလုပ်

 

နမ့်ဆန် စက်တင်ဘာ ၁၀

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာအုပ်စု ဇယန်းကြီး ကျေးလက် ကျန်းမာရေးဌာန၌ ကလေးများအား ဝိတ်ချိန်ခြင်းနှင့် ကျန်းမာရေး စစ်ဆေး ခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်ခန့်က ပြုလုပ်သည်။

ထိုသို့ပြုလုပ်ရာတွင် ဇယန်းကြီးကျေးလက်ကျန်းမာရေးမှူး ဦးအောင်မြင့်နှင့် ကျန်းမာရေးဝန်ထမ်းများတို့က ဇယန်းကြီးကျေးရွာ အုပ်စုအတွင်းရှိ မွေးကင်းစကလေးများ၏ ကျန်းမာဖွံ့ဖြိုးမှုကို အထောက် ကူပြု စေရန် ကလေးငယ် အယောက်(၄၀)ကျော်အား ဝိတ်ချိန်ခြင်း၊ ကလေးများနှင့် မိခင်များအား ကျန်းမာရေး စစ်ဆေး ခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ကျန်းမာရေးဌာနသို့ လာရောက် ကြသည့် ကလေးငယ်များနှင့်မိခင်များကို ကိုဗစ်-၁၉ ကြိုတင်ကာကယ်ရေးအတွက် ကိုယ်ပူချိန်တိုင်းတာခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ နှာခေါင်းစည်း mask တပ်ဆင်စေခြင်း၊ တစ်ဦးနှင့်တစ်ဦး ၆ ပေခြား၍ နေထိုင် စေခြင်း စသည်တို့ကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အောင်မိုး (နမ့်ဆန် ပြန် ဆက်)