ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ရပ်ကွက်များ အတွင်းရှိလမ်းများအလိုက် ကျန်းမာရေး စစ်ဆေးပေး ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဒဂုံ(အရှေ့) စက်တင်ဘာ ၉

ပြည်သူများအား ရောဂါပြန့်နှံ့မှုမရှိစေရေးအတွက်  ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှု ဖြင့် အမှတ်(၉) ရပ်ကွက်၊  အမှတ်(၁၃၃)ရပ်ကွက်နှင့် အမှတ် ၈ ရပ်ကွက်များအတွင်းရှိ လမ်းများအလိုက် ကျန်းမာရေး စစ်ဆေး ပေးခြင်းကို ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အတွက်  ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နှာခေါင်းစည်းMaskများစနစ်တကျတပ်ဆင်၍ သတ်မှတ်အကွာအဝေး ဖြင့် ကိုယ်ပူချိန်တိုင်းတာပေးခြင်း၊  ဖျားနားခြင်းရှိမရှိ စစ်ဆေးပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ တွေ့ရှိလူနာများနှင့် အနီးကပ်ထိတွေ့မှုရှိမရှိ (Contact tracing)များအားကွင်းဆင်းရှာဖွေခြင်းနှင့် မဖြစ်မနေ အပြင်ထွက်မည်ဆိုပါက  နှာခေါင်းစည်းMaskများ စနစ်တကျတပ်ဆင်ပြီးမှသာ သွားလာကြ ရန်နှင့် ကျန်းမာရေးစစ်ပေးခြင်းကို မြို့နယ်ဒေသန္တရကျန်းမာရေးမှ ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုအဖွဲ့များ ပရဟိတအဖွဲ့များ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့များပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရန် ကျန်းမာရေး စစ်ဆေး ပေးခြင်းနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ နေ့စဉ်ထုတ်ပြန်ချက်များအား သိရှိ လိုက်နာစေရေး အသိပညာပေးခြင်းများကို  အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)