သံတောင်ကြီးမြို့တွင် World Concern နှင့် Lift Donor တို့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

သံတောင်ကြီး စက်တင်ဘာ ၁၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှ   ကိုဗစ်-၁၉  ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက်  လိုအပ်သည့် အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း ကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် ပြည်သူ့ဆေးရုံတွင် ပြုလုပ်ခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရန် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် World Concern Myanmar နှင့် Lift Donor တို့က အဝတ်နှာခေါင်းစည်း (၅၀၀၀) ခု၊ Surgical Mask (၂၀၀)ဗူး၊ လက်သန့်ဆေးရည် (၂၀၀)ဗူး၊ PPE ဝတ်စုံ(၃၀)စုံ၊ အပူချိန်တိုင်း ကရိယာ(၄)ခုတို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများကို World Concern Myanmar မှ တာဝန်ခံ စောဗစ်တာရဲနှင့် Lift Donor တာဝန်ခံ စောကလယ်ဒူးမူးတို့က ပေးအပ်ခဲ့ရာ မြို့နယ် ဆရာဝန် ဒေါက်တာစည်သူစန်း၊ သံတောင်ကြီးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီဉက္ကဋ္ဌ ဦးမြင့်သိန်းနှင့် အတွင်းရေးမှူး ဒေါ်မာမာချိုတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)