ပုဂံ-ညောင်ဦးမြို့၌ Hotel Quarantine ထားရှိမည့် ဟိုတယ်များအား ကျန်းမာရေးဌာန၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ / မရှိ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်

ပုဂံညောင်ဦး  စက်တင်ဘာ ၁၀

Hotel Quarantine ထားရှိမည့် ဟိုတယ်များအား ကျန်းမာရေးဌာန၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ / မရှိကို မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦးမြို့၌ ယမန်နေ့ညနေပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုဗစ် − ၁၉ ရောဂါ ပြန့်ပွားမှုများပြားလာချိန်တွင် ကူးစက်ရောဂါအများအပြား ဖြစ်ပွားရာ ဒေသများမှ ဝင်ရောက်လာသူများ၊ သံသယလူနားများ၊ ရောဂါပိုး တွေ့ရှိသူနှင့် အနီးကပ်ထိတွေ့ခဲ့ သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ Facility Quarantine ထားရှိ ရမည်ဖြစ်ပြီး ခရိုင်/ မြို့နယ်များမှ သတ်မှတ်ထားသော Quarantine Centre များတွင် နေထိုင်လိုခြင်းမရှိဘဲ မိမိတို့အစီအစဉ်ဖြင့် Hotel Quarantine နေထိုင်လိုသူ များအား သတ်မှတ်ငှားရမ်းနေထိုင်ခ ပေးသွင်းစေ၍  Hotel Quarantine နေထိုင်နိုင်ရေးအတွက် Hotel Quarantine ထားရှိလိုသော ဟိုတယ်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး၍ လိုအပ်သော အကြံပြုချက်များ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ ရွှေစင်ထိုက်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန(ပုဂံ)ရုံးခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်နှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြကြောင်း သိရသည်။

ဖေလိန်း(ပုဂံ)