စဉ့်ကိုင် စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ဓမ္မစကူးလ်ကျောင်းများ စုပေါင်း၍ ကိုဗစ်− ၁၉ ရောဂါမဖြစ်ပေါ်စေရေး ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီက ဗိုလ်တေဇလမ်း ရန်နိုင်တံတားထိပ်တွင် ပြည်သူများအား နှာခေါင်းစည်း (၇၅၀၀) အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေရာတွင် ရွာဘိုကျောင်း ဆရာတော်အရှင်ဇနကမှ ကြီးမှူး၍ ဆရာတော် သံဃာတော်များ ကုသိုလ်ပြု ဓမ္မစကူးလ် ဆရာ/ဆရာများနှင့် ဓမ္မစကူးလ်ကျောင်း (၁၇) ကျောင်း စုပေါင်းပြီး စဉ့်ကိုင်မြို့နယ်အနေဖြင့် ကိုဗစ်− ၁၉ ရောဂါ ကာကွယ် ထိန်းချူပ်ရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီ:ဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်းများ တပ်ဆင်သွားလာခြင်းမရှိသည့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာ နေသော ပြည်သူများအား နှာခေါင်းစည်းများစနစ်တကျ တပ်ဆင်သွားလာစေရေးအတွက် အခမဲ့ ဖြန့်ဝေပေးခြင်းနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်