မိုင်းဖြတ် စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင်၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်၉နာရီခန့်က မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကောင်းမှု ကျေးရွာနှင့်ဘိုရှီးကျေးရွာနေ မိဘပြည်သူ များ အား ကိုဗစ်-၁၉ ရောဂါ ကြိုင်ကာကွယ်ရေး အသိပညာ ပေးခြင်းကို ကွင်းဆင်း ဆောင်ရွက် ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရာဇာဝင်းထွန်း နှင့် ဝန်ထမ်းများက ကောင်းမှုကျေးရွာနှင့် ဘိုရှီးကျေးရွာနေ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ သိကောင်းစရာများ၊ ရောဂါနှင့်ပတ်သက်သော ကျန်းမားရေး အမူအကျင့်များ၊ လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်နှင့် သဘာဝဘေးဆိုင်ရာ အသိပညာတို့ကို အသံချဲ့စက်အသုံးပြု၍ လိုက်လံ အသိပေး ပန်ကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် နှာခေါင်းစည်း (Mask)များ၊ လက်ဆေး ဆပ်ပြာခဲများကို(အခမဲ့) ဝေငှပြီး ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာနှင့် သဘာဝဘေး အသိ ပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)