ရေဖြူမြို့နယ်၌ ဌာနဆိုင်ရာများစုပေါင်း၍ ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ ပြုလုပ်

ရေဖြူ ဇူလိုင် ၁၅

တနင်္သာရီတိုင်း​ဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉နာရီအချိန်က ရေဖြူမြို့၊  ( ခ ) ရပ်ကွက်၊ ဓမ္မမာမကကျောင်း၊ သာသနာ့လင်္ကာရဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ကာ ဧည့်ပရိသတ် များက ဩကာသ ကန်တော့ချိုးဖြင့် ရှိခိုးပူဇော်ပြီး ဓမ္မမာမကကျောင်း ဆရာတော်ဥူးနန္ဒာစာရထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြ သည်။

ဆက်လက်၍ ရေဖြူမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဆရာတော်အရှင်သူမြတ် များထံမှ မေတ္တာသုတ်အစချီသော ပရိတ်တရားတော်များကို နာယူကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်ကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ထို့နောက် ဓမ္မမာမကကျောင်းထိုင်ဆရာတော် ဥူးဝေပုပ္လအား အမှူးထား၍ ဆရာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

ထွန်းပြည့်အောင် ( ရေဖြူ )