မိုင်းယန်း ဇူလိုင် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ်၌ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ မိုင်းယန်းခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်မှ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မိုင်းယန်းခရိုင် အုပ်ချုပ်ရေးမှူးဦးကျော်ဇင်မှ ခရိုင်ရုံးဖွင့်လှစ်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ လိုအပ်ချက်ကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ စုပေါင်းခရိုင်ရုံးဆောက်လုပ်ရန် လျာထားမြေနေရာအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး