နမ့်စန်(တ) ဇူလိုင် ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် မြို့နယ်ပြည်သူ့စာကြည့်တိုက်၏ လစဉ်ပုံမှန်စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့နံနက်၉ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဥမ္မာအောင်က စာဖတ်ဝိုင်းများ လစဉ်ပုံမှန်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ မစန္ဒာ၏ မတတ်လျှင်တွန်းရမယ် စာအုပ်ပါအကြောင်းအရာများထဲမှ သိမှတ်ဖွယ်ရာများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စာရေးဆရာ ကောင်း(ချယ်ရီမြေ)၏ ခေတ်သစ်လုလင်နှင့်ရောင်စုံခဲတံကဗျာများ စာအုပ်ဖြင့် ပြန်လည်ဆွေးနွေး၍ စာဖတ်ဝိုင်းကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းကို စာပေဝါသနာရှင် စာဖတ်သူများတိုးပွားလာစေရန်နှင့် စာဖတ်သူအချင်းချင်း ဗဟုသုတများဖလှယ်နိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး စာဖတ်ဝိုင်းသို့ မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့်ဝန်ထမ်းများ၊ အမှတ်(၅)ရပ်ကွက် အထက(ခွဲ)ကျောင်း(Grade-7)မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)