ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာ သိကောင်းစရာများ အသိ ပညာပေး ပြသ

 

မိုင်းယောင်း စက်တင်ဘာ ၁၀

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကို ရှမ်း ပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာနရုံး နံရံကပ်ပြဘုတ်တွင် ယနေ့ နံနက်ပိုင်းက ပြသဆောင်ရွက်ထားရာ စာကြည့်တိုက် ခေတ္တမပိတ်ခင်က ဌားရမ်း ထားသော စာအုပ်များ ပြန်လည်အပ်နှံရန် လာရောက်သူများက လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Facebook စာမျက်နှာမှ ကောက်နုတ်ချက်ဖြစ်သောခံနိုင်ရည် မွေးရမှာပါနေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါသင့်မိသားစုကျန်းမာရေး စနစ်တကျလက်ဆေးပေးဆပ်ပြာ နှင့် ရေကို အသုံးပြုလက်ဆေးခြင်းဖြင့် ကာကွယ်ပါကိုဗစ်-၁၉ ကာကွယ်ဖို့ မောင်တို့မယ်တို့ လိုက်နာစို့”၊ ရောဂါဖြစ်ပွားသောဒေသမှ ပြန်လာသူများ၏ အတူနေမိသားစုဝင်များ လိုက်နာရန်၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို အသုံးပြုခြင်းဆိုင်ရာ အကြံပြုချက်များ စသည့် အကြောင်းအရာများ ဖော်ပြထားသည်။

ထို့အတူ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်တွင် မူးယစ် ဆေးဝါး သုံးစွဲခြင်းအကြောင်းရင်းမျာ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုကျိုး ရလဒ်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်သည့် စိတ်ပိုင်းဆိုင်ရာလက္ခဏာများ၊ ဘယ်လိုအချိန်မီပြုပြင် တားဆီးမလဲ၊ မူးယစ်ဆေးဝါးသုံးစွဲသူများအား ကုသပေးခြင်းနှင့် ပညာပေးခြင်း၊ မူးယစ်ဆေးဝါး ကင်းစင်သည့် လူမှုအသိုက်အဝန်းဖြစ်ပေါ်စေရန် စသည့် အကြောင်းအရာများ  ခင်းကျင်းပြသထားသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကာလ မြို့နယ်ပြည်သူ့စာကြည့်တိုက်ကို ခေတ္တပိတ်ထားရာ ယခုအခါ ပြန်အပ် စာအုပ်များသာ လက်ခံဆောင်ရွက်ပြီး စာကြည့်တိုက် ခေတ္တမပိတ်ခင်ကာလက စာဌားသူ ဌားရမ်း သွားသော စာအုပ်များ ပြန်လည်အပ်နှံရန် လာရောက်သူများအား  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ပြန်အပ်စာအုပ်များကို လက်ခံ ဆောင်ရွက် လျက်ရှိကာ မိုင်းယောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှ ဆောင်ရွက်လျက်ရှိသော ပုံပြင်ပြောခြင်း၊ စာအုပ် စာစောင်မိတ်ဆက်ခြင်း၊ Talk Show စသည့် အစီအစဉ်များကို Online မှ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း