မက်မန်း စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၊ မက်မန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ယမန်နေ့က ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးခြင်းနှင့် စုဝေးဟောပြောရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ရေး ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန် (Standard Operating Procedure-SOP)နှင့်အညီ စနစ်တကျ မဲဆွယ် စည်းရုံးခြင်းနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပကြောင်း သိရသည်။
ရှေ့ဦးစွာ မက်မန်းမြို့နယ် Coronavirus Disese 2019 (COVID-19) ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီ ဥက္က ဦးအောင်ဇော်မင်းက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ကောင်မရှင် ဦးစီး အရာရှိ ဦးပြည့်ဖြိုးအောင်က ပြည်ထောင်စု ရွေးကောက်ပွဲ ကောင်မရှင်မှ ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲ ဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာတို့နှင့်စပ်လျဉ်း၍ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်၊ ကျင့်ဝတ်၊ လမ်းညွှန်ချက်များကိုလည်းကောင်း၊ မက်မန်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာသို့ ကွင်း ဆင်း မဲဆွယ်စည်းရုံးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ တားမြစ်ချက်များ၊ ကြိုတင် တင်ပြ ရမည့် အချိန်သတ်မှတ်ချက် စည်းရုံးခွင့် ကာလကိုလည်းကောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးပါသည်။
ထိုနောက် မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဆရာဝန် ဒေါက်တာ အောင်ကိုဝင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန် (Standard Operating Procedure-SOP)နှင့် ပတ်သက်ပြီး သက်ဆိုင်ရာက အချိန်ကာလ/ နေရာဒေသအလိုက် ထုတ်ပြန်ထားသည့် ကျန်းမာရေး ဆိုင်ရာ အမိန့်များ၊ လမ်းညွှန်ချက်များကို အသီးသီး ရှင်းလင်းဆွေးနွေးပြီး တက်ရောက် လာကြသော လွှတ်တော် အသီးသီး၏ မဲဆန္ဒနယ် တစ်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်များနှင့် တက်ရောက် လာသော မြို့နယ်ရွေးကောက်ပွဲကော်မတီဝင်များက သိရှိလိုသည်များကို ပြန်လည် မေးမြန်းပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ အစည်းအဝေးကို ညနေ(၄)နာရီတွင် ရပ်နား လိုက် ကြောင်း သိရသည်။
မက်မန်း(ပြန်/ဆက်)