လွိုင်လင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ သုခလမ်း ကွန်ကရစ်ခင်းခြင်း ရာနှုန်းပြည့်ပြီးစီး

 

လွိုင်လင်          စက်တင်ဘာ     ၁၀

လွိုင်လင်မြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက်  ကျပ်သန်း(၁၀၀)အောက် ခွင့်ပြုရန်ပုံငွေဖြင့် လွိုင်လင်မြို့ မြို့တွင်းရှိ သုခလမ်းကို ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိ ရာ စက်တင်ဘာ ၁၀ ရက်နေ့က ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

ကွန်ကရစ်ခင်းခြင်း လုပ်ငန်းအတွက် တင်ဒါခေါ်ယူပြီး ဇူလိုင်လ ၂၈ ရက် နေ့တွင်     Three Floral  Co,ltd   ကုမ္ပဏီက တင်ဒါအောင်မြင် ခဲ့ကြောင်းသိရသည်။ အဆိုပါလမ်းသည် အကျယ် (၁၈)ပေ - အရှည် ၃၆၆ ပေ အထူ လက်မရှိ ကွန်ကရစ်လမ်း အမျိုးအစားဖြစ်ပြီး ကျပ်သန်း(၁၀)နှင့် အထက်လုပ်ငန်းဖြစ်၍ တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန တာဝန်ရှိသူ တစ်ဦး ထံမှ သိရသည်

မိုးလွင်ဦး(လွိုင်လင်)