ငါ့သရောက်မြို့ ဇူလိုင်လ ၁၄
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြု ကြိုဆိုသည့်အနေဖြင့် ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ငါ့သရောက်မြို့(အ.ထ.က) ကျောင်းမှ ကျောင်းသား၊ ကျောင်သူများအား ပုံတူပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများကို ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမှ ပြိုင်ပွဲအကြောင်းအရာများနှင့် စည်းမျဉ်စည်းကမ်းကိုပြောကြားပြီး ငါ့သရောက်မြို့ (အ.ထ.က.) ကျောင်းမှ စတုတ္ထတန်း ကျောင်းသား၊ ကျောင်သူများက ပျော်ရွှင်စွာ လာရောက်ယှဉ်ပြိုင် ကစားခဲ့ကြောင်းသိရသည်။
ထိုနောက် လာရောက်ယှဉ်ပြိုင်ကစားကြသော ကျောင်းသား၊ ကျောင်သူများမှ ဆုရရှိသောသူများအား စာအုပ်၊ ဘောပင်၊ ခဲတံတို့ကို ပေးအပ်ပြီး ယှဉ်ပြိုင်သူ ကျောင်းသား၊ ကျောင်သူအားလုံးကိုလည်း မုန့်နှင့်အအေးများ ကျွေးမွေးဧည်ခံခဲ့ကြောင်း သိရသည်။
P.W.A