ကွမ်းခြံကုန်း ဇူလိုင် ၁၄
မိုးတွင်းကာလတွင်ဖြစ်ပွားတတ်သော ရောဂါများဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ အ.ထ.က(၂)စာသင်ကျောင်းတွင် အဘိတ်ဆေးခပ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါအဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မူဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်ကြီးသီဟန်ထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်နိုင်ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးဝင်းမင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များကစုပေါင်း၍ ကျောင်းအတွင်းရှိ ရေစည်ရေကန်များသို့ အဘိတ်ဆေးခပ်ခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဆွေနွယ် (IPRD)