မိုင်းဆတ် စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပသည်။
ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်က အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးမောင်ချိုက မဲရုံလျာထားမှုနှင့် မဲစာရင်းဆောင်ရွက်မှု အခြေအနေများကိုလည်း ကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးက မဲဆန္ဒစာရင်းတွင် ပါဝင်သူများ အနေဖြင့် အမှန်တကယ် မဲပေး နိုင်ခြင်း ရှိ/မရှိ တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးမှု အခြေအနေများကိုလည်းကောင်း၊ မိုင်းတုံ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေအောင်က မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှုရှိစေရန် ဆောင်ရွက်နေမှု အခြေ အနေများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မိုင်းဆတ်ခရိုင်ရုံးမှ ဒုတိယ ညွှန်ကြား ရေးမှူး ဦးရှာမွေလက မဲဆန္ဒရှင်စာရင်းတွင်ပါရှိပြီး နိုင်ငံသားကတ် မရှိသူများအားကွင်းဆင်း ဆောင်ရွက် ပေးမှု အခြေအနေများကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့သည်။
ထို့နောက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း များတွင် ကူညီ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ မဲဆန္ဒရှင်စာရင်းများ တိကျ မှန်ကန်စေရေး အတွက် ဆောင်ရွက် နေမှုအခြေအနေများရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
မြင့်မောင်(ပြန်/ဆက်)