ကရသူရိမြို့၊ မြို့ဦးဘုန်းတော်ကြီးကျောင်း၌ ဝါဆိုသင်္ကန်း စုပေါင်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

ကရသူရိ ဇူလိုင် ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ မြို့ဦးဘုန်းတော်ကြီကျောင်းဓမ္မရုံ၌ ဌာနဆိုင်ရာများနှင့် ရပ်မိ/ရပ်ဖများ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ညနေ(၅)နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ မြို့ဦးဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ကြီးနှင့် ဧည့်သည့်သံဃာတော်ကြီးများက နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန့်တော့၍ ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် ဒါယိကာ/ ဒါယိကာမများက ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်များနာကြားခြင်းနှင့် ဆရာတော်၏ ဘုရားရိပ်/တရားရိပ်ဆုံးမဩဝါဒများကို ခံယူနာကြားကာ ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုများအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း အဆိုပါသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိ/ရပ်ဖများ၊ ရဲတပ်ဖွဲ့ဝင်နှင့် တပ်မတော်သားမိသားစုဝင်များ စုပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကရသူရိ (ပြန်/ဆက်)