မိုင်းဖြတ် ဇူလိုင် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဝက်များတွင်ဖြစ်ပွားတတ်သော အာဖရိကအပြင်းဖျား ဝက်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ဆွပ်ပလောင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာထွန်းဇော်ဝင်းက ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကြိုတင်သတိပြုစရာအချက်များ၊ ရောဂါ၏နောက်ခံသမိုင်း၊ ရောဂါ ဖြစ်ပွားစေသည့် ပိုး၊ အိမ်မွေးတိရစ္ဆာန်များနှင့် တောဝက်များတွင် အဖြစ်များနိုင်သည့် ရောဂါများ၊ ရောဂါကူးစက်ပျံ့နှံ့ခြင်းဆိုင်ရာ သိကောင်းစရာများနှင့် ကြိုတင်ကာကွယ်ကုသခြင်းဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒေါက်တာထွန်းဇော်ဝင်းနှင့် ဝန်ထမ်းများက ကျေးရွာအတွင်းရှိ မွေးမြူရေးခြံများအား ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ဇီဝလုံခြုံရေးအတွက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုက်နာရမည့်အချက်များကို သိပညာပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)