ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်

ဒဂုံတောင် စက်တင်ဘာ ၁၀

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာအမှတ်(၁၀၄) ရပ်ကွက် ဧကရီလမ်းခင်းရန် ပြင်ဆင်နေမှုနှင့် အမှတ်(၁၀၆)ရပ်ကွက် မာဃလမ်းခင်းကျင်းနေမှုအခြေအနေများအား မြို့နယ်စည်ပင်သာယာမှ  တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်(၁ဝ:၀၀)နာရီအချိန်က ကွင်းဆင်း ကြည်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

 အဆိုပါကြည့်ရှုစစ်ဆေးခဲ့ရာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်  အမှတ်()တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင် ဦးဆာင်၍ မြို့နယ်စည်ပင်သာယာ တာဝန်ရှိသူများနှင့် အတူ ကြည်ရှုစစ်ဆေးကာ တည်ဆောက်နေမှုအခြေအနေနှင့်ပတ်သက်၍ လမ်းများတည် ဆောက်ရာတွင် သတ်မှတ်ထားသောစံချိန်စံညွှန်းများနှင့်အညီတည်ဆောက်ကြရန် ပြောကြား ခဲ့ကြောင်း သိရသည်။

ထို့နောက် မြေပြင်အခြေအနေအား လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများအား လိုအပ်သည် များဆွေးနွေး ပြောကြားခဲ့ကြောင်သတင်းရရှိသည်။

သက်မင်းဟန်(ဒဂုံတောင်)