ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ခရိုင်/မြို့နယ်ဌာနဆိုင်ရာများသို့ ရှင်းလင်းချပြဆွေးနွေးခြင်း ဆောင်ရွက်

ကွတ်ခိုင် ဇူလိုင် ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ယမန်နေ့နံနက်(၁၀)နာရီ၌ (၈-၇-၂၀၂၂)ရက်‌ နေ့ရှမ်းပြည်နယ်အစိုးရအဖွဲ့အစည်းအ‌ဝေးမှ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များမှ အ‌ကြောင်းအရာများဖြစ်သော ရှမ်းပြည်နယ်သည် အခြားတိုင်း‌နှင့်ပြည်နယ်များ ထက်လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်မှုရှိကြောင်း၊ ဤကဲ့သို့‌သော အချိန်ကာလတွင် ဝန်းထမ်းများအနေဖြင့် အထူးသတိရှိသင့်ကြောင်း၊ မိမိနယ်မြေဒေသဖွံ့ဖြိုးတိုးတက်‌အောင်၊ အေးချမ်းတည်ငြိမ်မှုရှိအောင် လုပ်ဆောင်ရမည့်အကြောင်း၊ ရှမ်းပြည်နယ်သည်ဆန်၊ စပါး ဖူလုံမှုရှိပြီး၊ ဆီဖူလုံမှုမှာအားနည်းကြောင်းနှင့်‌ ပြောင်းစိုက်ပျိုးမှုကိုတိုးချဲ့သင့်ကြောင်း၊ သဘာဝရေအရင်းအမြစ်ဖြစ်သော‌ မြေအောက်ရေသုံးစွဲမှုအားလျှော့ချပြီး မြစ်၊ ချောင်းများမှာ ရေများပိုမိုသုံးစွဲလာနိုင်အောင် ဆောင်ရွက်မည့်အကြောင်း၊ မိမိမြို့နယ်အလိုက် အားကစားများ ပြုလုပ်ရမည့်အကြောင်းနှင့် (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများလာတော့မည်ဖြစ်၍ မြို့နယ်ခရိုင်အဆင့်များမှ စတင်ယှဉ်ပြိုင်ပြီး ပြည်နယ်အဆင့်သည် နောက်ဆုံးမှသာ ပြိုင်ပွဲစမည်ဖြစ်သောကြောင့် ရွက်ပုန်းသီးပညာရှင်များ ထွက်ရှိအောင် ခရိုင်၊ မြို့နယ်များမှ ပူးပေါင်းကြိုးစားပေးကြရန်၊ လုံခြုံရေးနှင့် ပတ်သက်၍ ပိုမိုတင်းကြပ်ပေးရန်နှင့် အမှုကိစ္စနှင့်ပတ်သက်၍ အမြန်ဆုံးပြီးပြတ်အောင် ဥပဒေအရာရှိများ၊ ရဲတပ်ဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ပေးကြရန်၊  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့်ပတ်သက်၍ ဆေးများအလေအလွင့်မဖြစ်ရအောင် သက်ဆိုင်ရာခရိုင်မြို့နယ်များမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနိုင်အောင် ဆောင်ရွက်ပေးကြရန်စသည့် အကြောင်းအရာများအား ခရိုင်/မြို့နယ်ဌာနဆိုင်ရာများသို့ ကွတ်ခိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦး‌မောင်မောင်မှ ရှင်းလင်းချပြဆွေးနွေးခဲ့ရာ အစည်းအဝေးသို့ တတ်ရောက်လာကြသည့် ဌာနဆိုင်ရာများကလည်း ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြပြီး၊ ကွတ်ခိုင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရပါသည်။

ချစ်မျိုးဦး (ကွတ်ခိုင်)