ကျောက်မဲ ဇူလိုင် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာနအသီးသီးရှိဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်သူများအား စာအုပ်စာစောင်များအလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ကျောက်မဲမြို့၊ အမက (၃) ကျောင်း တွင် Mobile Library ကွင်းဆင်းငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် သုတ၊ရသ၊ ကာတွန်းစာအုပ်များ၊ ကလေးပုံပြင်စာအုပ်များ၊ ရုပ်ပြ အစရှိသော စာအုပ်ပေါင်း ၂၀၀ ကျော်ဖြင့် အဆိုပါကျောင်းသို့သွား ရောက်ပြီး ကျောင်းရှိ ဆရာ/ဆရာမ များအား စာအုပ်၊ စာစောင်များအား ငှားရမ်းပေးခဲ့သည်။
ကျောက်မဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်နိုင်ခြင်းမရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်သားကျောင်းသူများအတွက် ၂ ပါတ်တစ်ကြိမ်နှုန်းဖြင့် Mobile Library ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)