လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ Covid-19 ကာလ အတွင်း Covid-19 ရောဂါပိုး တွေ့ရသူများနှင့် အနီးကပ်ထိတွေ့မှုရှိ/ မရှိ (contact tracing) အရှိန် အဟုန်မြှင့် ကွင်းဆင်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးဆောင်ရွက်ခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက ရွှေလင်ဗန်း ကျေးရွာ အတွင်း ရွှေပဒေသာလမ်း(၁)၊ (၂)နှင့် (၃)လမ်းတို့တွင် ကွင်းဆင်းဆောင်ရွက် ခဲ့သည်။
အဆိုပါ ကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အမေများပရဟိတအဖွဲ့တို့ ပူးပေါင်း၍ ရွှေလင်ဗန်းကျေးရွာအတွင်း ရွှေပဒေသာလမ်း (၁)၊ (၂)နှင့် (၃)လမ်းတို့တွင် နေထိုင်သော ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာ ခြင်း၊ ဖျားနာခြင်း ရှိ/ မရှိ စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာရာ တွင် နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင် သွားလာကြရန်၊ လက်ကို မကြာခဏ စက္ကန်(၂၀) ကြာ ဆေးကြောရန်၊ တစ်ဦးနှင့် တစ်ဦး(၆)ပေအကွာ နေထိုင်သွားလာကြရန် တို့ကို အသိပညာပေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ Covid-19 ရောဂါပိုးတွေ့ရှိသူများနှင့် အနီးကပ်ထိတွေ့မှု ရှိ/ မရှိ အရှိန်ဟုန်မြှင့် ကွင်းဆင်း ရှာဖွေခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ကျေးရွာအတွင်းရှိ ပြည်သူများအား ကိုဗစ်−၁၉ ရောဂါပိုး တွေ့ရှိသူများနှင့် အနီးကပ် ထိတွေ့မှု ရှိ/ မရှိ (contact tracing) အရှိန်အဟုန်မြှင့် အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းကို ရွှေလင်ဗန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလင်းနိုင်မြင့် ထံမှ သိရှိရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)